မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / July 26, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် ညနေ ၆ နာရီ ၅ မိနစ်တွင် ကျိုက်မရောမြို့၊ ကျိုက်မရောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အောင်သုခရပ်ကွက်၊ မြနန္ဒာလမ်းပေါ်တွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အတ္ထရံရပ်ကွက်နေ စိုးနိုင်(၅၆)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဘိုးလှကြီးရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး၊ PUMA POWER စက်သုံးဆီအရောင်းဆိုင်အနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုသင်ကျေးရွာနေ ရေချမ်း(၄၂)နှစ်အား လိုင်စင်မဲ့ဘေးတွဲ မော်တော်ဆိုင်ကယ်ဖြင့်လည်းကောင်း။
အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဇင်းကျိုက်ရပ်ကွက်နေ ဝင်းအောင်(၅၅)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စိုးနိုင်ပါ သုံးဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။