မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာရှိ အထပ်သားစက်ရုံမှ ထိန်းချုပ်ဓာတု ပစ္စည်းများ သုံးစွဲနိုင်ရေးအတွက် လုပ်ငန်းခွင်ခွင့်ပြုချက် လိုင်စင်ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာရှိ အထပ်သားစက်ရုံမှ ထိန်းချုပ်ဓာတု ပစ္စည်းများ သုံးစွဲနိုင်ရေးအတွက် လုပ်ငန်းခွင်ခွင့်ပြုချက် လိုင်စင်ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Ministry of Home Affairs/ Naypyitaw / August 01, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာရှိ ကံကောင်းခြင်းရတနာအထပ်သားစက်ရုံ(ဘီးလင်း)၌ ရော်ဘာအထပ်သားများ ကြာရှည်ခံစေရန်နှင့် အရည်အသွေးကောင်းမွန်စေရန်အတွက် အသုံးပြုသော ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် Ammonium Chloride နှင့် Methyl၊ Ethyl၊ Ketone(Thinner Liquid)တို့အား လုပ်ငန်းခွင် ခွင့်ပြုချက်ထုတ်ပေးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။