မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ငယ်ဒိုးလမ်းရှိ ကဒတ်ချောင်း ရေထိန်းတံခါးမှ ရေပေးဝေသည့် ရေလမ်းကြောင်းတစ်လျှောက် အမှိုက်များ မရှိစေရန် နုန်းဆယ်တင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

Ministry of Home Affairs/ Naypyitaw / August 15, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ငယ်ဒိုးလမ်းရှိ ကဒတ်ချောင်းရေထိန်းတံခါးမှ ရေပေးဝေသည့် ရေလမ်းကြောင်းတစ်လျှောက် အမှိုက်များမရှိစေရန် နုန်းဆယ်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။