မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သုံးဦးအား ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သုံးဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / October 19, 2025


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။     

     ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ တောင်သူစုရပ်ကွက်နေ သီဟထွန်း(၄၅)နှစ်၊ ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘီးလင်းမြို့နယ်၊ ကန်နီကျေးရွာနေ ဝေလင်းအောင်(၁၉)နှစ်နှင့် မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်နေ မျိုးလင်းအောင်(၃၉)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,