မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁၊ ၂) စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ခင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား ကျင်းပ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁၊ ၂) စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ခင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / April 24, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စုရှိ တောင်သူ ဦးသန်းထွန်း၏ လယ်မြေ၌ ရေဆင်းပေါ်ဆန်း(၁၊ ၂) စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ခင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။