မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / October 09, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ရန်ကုန်-မော်လမြိုင်ကားလမ်း နောင်ရိုးစည်ပင်တိုးဂိတ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာနေ ရှိန်းသူ (၂၆)နှစ် မောင်းနှင်လာသည့် YGN-9/3H-XXXX DAIHATSU HIJET မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရှိန်းသူ အား ဘီးလင်းမြို့မ ရဲစခန်း၌ လည်းကောင်း။
အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းပေါ်၌ အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မိတ္ထီလာမြို့နယ်၊ ကျီတော်ကုန်း ရပ်ကွက်နေ ကျော်စွာအောင်(၃၄)နှစ် မောင်းနှင်လာသည့် BGO-14/1M-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျော်စွာအောင် အား မိတ္ထီလာမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း၌ လည်းကောင်း ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
