မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘီးလင်း-နတ်ကြီးကားလမ်းဘေး၌ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေ စေရန်ရည်ရွယ်၍ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး လက်လုပ်မိုင်းတပ်ဆင်သူ အကြမ်းဖက်သမား သေဆုံး
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘီးလင်း-နတ်ကြီးကားလမ်းဘေး၌ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေ စေရန်ရည်ရွယ်၍ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး လက်လုပ်မိုင်းတပ်ဆင်သူ အကြမ်းဖက်သမား သေဆုံး
Ministry of Home Affairs/ နေပြည်တော် / February 05, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘီးလင်း-နတ်ကြီးကားလမ်းဘေး၌ အပြစ်မဲ့ပြည်သူများ ထိခိုက် သေကျေစေရန်ရည်ရွယ်၍ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ လက်လုပ်မိုင်းတပ်ဆင်သူ အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဘီးလင်းမြို့၊ ဗိုလ်တေဇ ရပ်ကွက် ဘီးလင်း-နတ်ကြီးကားလမ်းဘေး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘီးလင်း-နတ်ကြီး ကားလမ်း ပေါ်ရှိ တံတားအမှတ်(၁/၄)အနီး လမ်း၏ယာဘက် သုံးပေခန့်အကွာ၌ အကြမ်းဖက်သူအမျိုးသား တစ်ဦးက လမ်းဘေးမြေသား၌ အဆိုပါလမ်းပေါ်သွားလာလှုပ်ရှားနေသည့် အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိခိုက်သေကျေ၊ ဒဏ်ရာရရှိစေရန်အတွက် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသား၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်ကာ သေဆုံးနေပြီး ပေါက်ကွဲထားသည့်နေရာမှ ဓာတ်ခဲအသေးတစ်လုံး၊ ဆားကစ်ပြားတစ်ခုတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့ပါသည်။
ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်ရန်အတွက် လမ်းဘေး၌ မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အကြမ်းဖက်သမားနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
