မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / November 04, 2025


     မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ဖဲရိုက်လောင်းကစား ပြုလုပ်သူ များအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ လူနေထိုင်ခြင်းမရှိသော ဒေါ်ရီ၏နေအိမ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကမာဝက် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်ရှေ့ ကွပ်ပျစ်ပေါ်တွင် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဌေးဝင်း(၄၂)နှစ်ပါ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဌေးဝင်းပါ (၅)ဦးအား ကမာဝက်နယ်မြေရဲစခန်း (ပ)၇၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။