မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၌ နေအိမ် မီးလောင်မှု

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၌ နေအိမ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / March 31, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၌ ပိုင်ရှင် ဒေါ်သန်းစိန်(၇၇)နှစ်၏ ၁၅ x ၄၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် ထင်းမီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၄၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဒေါ်သန်းစိန် အား မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။