မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
Ministry of Home Affairs/ Nay Pyi Taw / February 19, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံ မြို့နယ်၊ အမှတ်(၇၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မော်လမြိုင်)မှ တပ်ဖွဲ့ဝင်များက မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကန်ကလေးရပ်ကွက်နေ မော်လမြိုင်-သံဖြူဇရပ်သွားကားလမ်းတွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုဒုံမြို့မှ သံဖြူဇရပ်မြို့သို့ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ စိုးရာဇာ(၃၁)နှစ် မောင်းနှင်လာသည့် MON-6 7H/XXXX HONDA FIT အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စိုးရာဇာအား မုဒုံမြို့မရဲစခန်း(ပ)၁၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။