မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Nay Pyi Taw / May 24, 2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူမှုမှ မှတ်တမ်းဓာတ်ပုံ။


     မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့၌ ၂၀၂၅ ခုနှစ်၊ မေ ၂၃ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၂၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မုဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မုဒုံမြို့နယ်၊ နိုင်လုံကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်၌ စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သံဖြူဇရပ်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာနေ ရဲမင်းအောင်(ခ)အဟ (၃၃)နှစ် မောင်းနှင်လာသည့် MON-6 7L-XXXX ISUZU D-Mazx မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရဲမင်းအောင်(ခ)အဟအား မုဒုံမြို့မရဲစခန်း(ပ)၅၁/၂၀၂၂၅၊ ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း၊ 
    ထို့အတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဘီးလင်း- တောင်စွန်း ကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတော ကျေးရွာနေ သန်းထွေး (၃၉)နှစ် မောင်းနှင်လာသည့် YGN-1 1L-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့်အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သန်းထွေးအား ဘီးလင်းမြို့မရဲစခန်း(ပ)၅၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,