မွန်ပြည်နယ်၊ မုဒုံခရိုင်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်ရှိ ရွှေဟင်္သာဈေးကြီး၌ အမှိုက်များအား အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ခင်းကျင်းထားရှိမှုအား ကြည့်ရှုစစ်ဆေး

Ministry of Home Affairs/ Nay Pyi Taw / July 01, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မုဒုံခရိုင်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်ရှိ ရွှေဟင်္သာဈေးကြီး၌ အမှိုက်များအား အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခင်းကျင်းထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးသူ/သားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။