မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ သင်္ဘောဦးရပ်တွင် နေအိမ်မီးလောင်မှု
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ သင်္ဘောဦးရပ်တွင် နေအိမ်မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / December 27, 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၃ နာရီ ၂၀ မိနစ်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ သင်္ဘောဦးရပ်တွင် ပိုင်ရှင် ဦးတင်မောင်ဆွေ(ခ)ဘူးသီး၏ ၂၈x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် Power Bank အားသွင်းထားရာမှ အပူလွန်ကဲ၍ ပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၈x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံးနှင့် ၂၀x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် သုံးလုံး၊ စုစုပေါင်း နေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးတင်မောင်ဆွေ(ခ)ဘူးသီးအား မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။