မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းရှင်များအား ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းရှင်များအား ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

Ministry of Home Affairs/ နေပြည်တော် / August 09, 2025

     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇ ရက် မွန်းလွဲ ၂ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအရင်း/အတိုးမှ စိုက်ပျိုးရေးကဏ္ဍ၊ ထုတ်ကုန်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ ဆောင်ရွက်နေသော လုပ်ငန်းရှင်များအား ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။