မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / August 16, 2025


 

     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ “လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်လင်းထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။