မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ငွေကျပ် သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ငွေကျပ် သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / March 25, 2026
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၆ ခုနှစ်၊ မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင် ကျေးရွာအနီး၌ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာနေ ဒေဝါစိုး(ခ)ကလိုင်း(၃၄)နှစ် မောင်းနှင်လာသည့် YGN/2M-XXXX TOYOTA HILUX VIGO မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၉ သိန်း(တစ်ပြားလျှင် ငွေကျပ် ၃,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၅,၇၀၀)အား ဖမ်းဆီးရမိသဖြင့် ဒေဝါစိုး (ခ)ကလိုင်း အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။