မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆေးကုသနေသည့် လူနာများနှင့် ဆေးရုံတွင် အထွေထွေအသုံးပြုရန်အတွက် အလှူငွေများ ထောက်ပံ့ပေးအပ်

Ministry of Home Affairs/ နေပြည်တော် / October 31, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်နှင့် ဝန်ထမ်းများက ဆေးကုသနေသည့် လူနာ ၂၀ ဦးအား တစ်ဦးလျှင် ၂ဝ,ဝဝဝ ကျပ် နှုန်းဖြင့် ပေးအပ်ခဲ့ပြီး ဆေးရုံတွင်အထွေထွေအသုံးပြုရန်အတွက် အလှူငွေ ၁ဝဝ,ဝဝဝ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။