မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / August 15, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃ ရက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၃ ရက် မွန်းတည့် ၁၂ နာရီတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာနေ ဒေါ်တင်မြင့်(၆၂)နှစ်၏ နေအိမ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ ၎င်းအား နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်တင်မြင့် အား သံဖြူဇရပ်မြို့မ ရဲစခန်း (ပ)၁၅၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။