မှတ်ပုံတင်လုပ်ငန်းများကြီးကြပ်စိစစ်ရေးအဖွဲ့အစည်းအဝေးပြုလုပ်

မှတ်ပုံတင်လုပ်ငန်းများကြီးကြပ်စိစစ်ရေးအဖွဲ့အစည်းအဝေးပြုလုပ်


Ministry of Cooperatives and Rural Development/ Naypyitaw / January 09, 2026
image_latest


နေပြည်တော်၊ ဇန်နဝါရီ ၈

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မှတ်ပုံတင်လုပ်ငန်းများကြီးကြပ်စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၂၅-၂၀၂၆) ကို ၈.၁.၂၀၂၆ နေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

         အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်အမှာစကားပြောကြားပြီး စီမံကိန်းဌာနခွဲ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးတင်ပြလာသော မှတ်ပုံတင်လုပ်ငန်း (၄၈) စောင်ကို စိစစ်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်က ခွင့်ပြုပေးခဲ့ပါသည်။

         အဆိုပါ အစည်းအဝေးသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိပါသည်။