ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးမောင်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တာဝန်ရှိသူများ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြီးသတ်ညှိနှိုင်းဆွေးနွေး

အစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက The Trust Act (ယုံမှတ်အပ်နှံမှုအက်ဥပဒေ)သည် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က စီမံခန့်ခွဲသည့် ဥပဒေ (၅၂) မျိုးတွင်ပါဝင်ပြီး FATF ၏ အကြံပြုချက်အမှတ် (၂၅) အရ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ယုံမှတ်အပ်နှံမှုအက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ကို ရေးဆွဲပြဋ္ဌာန်းလို ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ကို FATF ၏ Recommendation 25 အရ လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ပြဋ္ဌာန်းရန်လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်

HOT NEWS
January 4,