ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့


Ministry of Information/ Naypyitaw / September 22, 2023
image_latest


နေပြည်တော် စက်တင်ဘာ ၂၂

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာလိုင်စင်ရ ကန်ထရိုက်တာများ အများနှင့်သက်ဆိုင်သော ကုမ္ပဏီတို့မှပေးပို့သည့် ၉ မီတာ ကွန်ကရစ်မီးတိုင် အလုံး (၇၀၀) ၊ ဘိလပ်မြေ တန် (၁၀၀၀) ၊ သံချောင်း (၁၅၄၃ ဒသမ ၁၆)တန်၊ လုပ်ငန်းသုံးယာဉ် (၆)စီး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်း စုစုပေါင်းတန်ချိန် (၃၂၉၃ ဒသမ ၃၁) တန်တင်ဆောင်၍ ယမန်နေ့ ညပိုင်းကလည်းကောင်း၊ MV Charity ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံတို့မှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် (၄၂၁၁၉) အိတ်၊ သံချောင်း (၆၃၃ ဒသမ ၀၁) တန်၊ လုပ်ငန်းသုံးယာဉ် (၆)စီးနှင့် မီးစက် (၁) လုံး စုစုပေါင်းတန်ချိန် (၂၇၆၉ ဒသမ ၅၁) တန် တင်ဆောင်၍ ယနေ့ နံနက်ပိုင်းကလည်းကောင်း The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွား ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များအပါအဝင် ရေယာဉ် (၃၆) စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၅၀၃၃၂ ဒသမ ၉၃၂) တန်နှင့် ဒီဇယ် (၂၄၉,၇၆၂) ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,