ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဝင်း အတွင်း၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဝင်း အတွင်း၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / October 09, 2025


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက် နံနက် ၀၀ နာရီ ၄၈ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဒဂုံဧရာအဝေးပြေး ကားဝင်းအတွင်း၌ ပိုင်ရှင် ဦးသန်းထွဋ်၏ YGN-41/7F-XXXX HYUNDAI အမျိုးအစား မော်တော်ယာဉ်၏ ရှေ့ဘန်ကာပေါ်တွင် ဖယောင်းတိုင် မီးထွန်းထားပြီး မေ့လျော့အိပ်ပျော်ရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၀၀ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် YGN-41/7F-XXXX HYUNDAI အမျိုးအစား မော်တော်ယာဉ်၏ ကားရှေ့လေကာမှန်၊ ထိုင်ခုံများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ကျော်ဇင်အောင် အား  လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။