ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအနောက်ရပ်ကွက်၌ လူနေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအနောက်ရပ်ကွက်၌ လူနေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / November 02, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအနောက်ရပ်ကွက်၊ အေးသီရိလမ်း၌ လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ် ၅ ပေ၊ အမြင့် ၃၅ ပေခန့်ရှိ ကုက္ကိုပင်သည် လူနေအိမ်ပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ၄၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း တစ်ထပ် လူနေအိမ်၏ ၁၀ ပေသွပ် သုံးချပ်၊ ဟော်လိုပိုက် ၃၀ ပေ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။