ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / November 05, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုး သမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅ မိုင် ၃ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ စိုးလင်းအောင်(၃၁)နှစ် မောင်းနှင်လာသည့် BGO-27/6R-XXXX KEYTON မော်တော်ယာဉ်သည် မန္တလေးမှ ရန်ကုန်ဘက်သို့ ယာဘက်ယာဉ်ကြောအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ် တစ်စီးအား တွေ့ရသဖြင့် ဝဲဘက်ယာဉ်ကြောအား ကူးပြောင်းမောင်းနှင်ရန် အချက်ပြမီးပြ၍ အရှိန်လျှော့မောင်းနှင်စဉ် လားရာတူ ၎င်း၏အနောက်မှ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ ဦးဌေးအောင်(၄၉) နှစ် မောင်းနှင်လာသည့် BGO-11/ 9N-XXXX NISSAN VANETTE မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် KEYTON ယာဉ်ပေါ်လိုက်ပါလာသည့် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ ဦးဖိုးချို(၂၅)နှစ်နှင့် NISSAN VANETTE ယာဉ်မောင်း ဦးဌေးအောင်၊ အဆိုပါယာဉ်ပေါ်လိုက်ပါလာသည့် မင်္ဂလာဒုံမြို့နယ်နေ မမေသွန်းသီရိ(၁၁)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဌေးအောင် အား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
