ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ နေအိမ် မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ နေအိမ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / November 09, 2025


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ဒနဲရိကျေးရွာအုပ်စု၊ အေးရွာလေးကျေးရွာ၌ ပိုင်ရှင် ဦးဇော်မိုး၏ ၂၀ x ၄၀ ပေ၊ RC တစ်ထပ် နေအိမ်၏ ၁၅ x ၂၀ ပေ အဖီတွင် ထင်းမီးဖြင့် ထမင်းချက်ရာမှတစ်ဆင့် အနီးရှိ ဒီဇယ်ဆီဘူးပေါ်သို့ မီးပွား ကျရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၄၀ ပေ၊ RC တစ်ထပ် နေအိမ်၏ အဖီနှင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်၏ ခေါင်းရင်းပျဉ်ကာအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဇော်မိုးအား ထန်းတပင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။