ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၃)ရပ်ကွက်၌ တာယာအမှုန့်ကြိတ် စက်ရုံ မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၃)ရပ်ကွက်၌ တာယာအမှုန့်ကြိတ် စက်ရုံ မီးလောင်မှု


Ministry of Home Affairs/ Naypyitaw / November 16, 2025


   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ရက် နံနက် နာရီ ၄၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၃)ရပ်ကွက်၌ ပိုင်ရှင် ကိုမင်းသိုက်ဈန်(၂၀)နှစ်၏ ရွှေသစ်ရွက်တာယာအမှုန့်ကြိတ်စက်ရုံတွင် အလျား ၄၈ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၄ ပေရှိ ကွန်ကရစ်ပေါင်းဖိုအတွင်း တာယာအဟောင်းများအား ပေါင်းရာမှ အပူလွန်ကဲပြီး တာယာများ အရည်ပျော်၍ မီးတောက်ထွက်ကာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် နာရီ ၁၈မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

   အဆိုပါမီးလောင်မှုကြောင့် တာယာအဟောင်း တစ်တန်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် မင်းသိုက်ဈန် အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။