ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အလုပ်သမားရုံးရှေ့၊ ပြည်လမ်းမပေါ်၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အလုပ်သမားရုံးရှေ့၊ ပြည်လမ်းမပေါ်၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 17, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီ ၃၆ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အလုပ်သမားရုံးရှေ့၊ ပြည်လမ်းမပေါ်၌ (၈)မိုင်ဘက်မှ (၉)မိုင်ဘက်သို့ ယာဉ်မောင်း ဦးသက်ချိုဦး(၅၄)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN-10/ 6S-XXXX SINOTRUK VGV PLUS အဖြူရောင်မော်တော်ယာဉ်သည် အင်ဂျင်အပူလွန်ကဲပြီး အင်ဂျင်သို့ အဝင်ဆီပိုက်ပေါက်၍ ဆီများ အိတ်ဇောပေါ်သို့ကျရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် SINOTRUK VGV PLUS အဖြူရောင် မော်တော်ယာဉ်၏ အင်ဂျင်၊ တာယာ၊ မှန်၊ ထိုင်ခုံများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးသက်ချိုဦး အား မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
