ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / February 21, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလ မြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ဒလ-ဓနုတ်လမ်း “ဂရိတ်ရှိုင်း” ကားရေဆေးဆိုင်အနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ သာကေတမြို့နယ်၊ အမှတ်(၂)မာန်ပြေရပ်ကွက်နေ ဦးတေဇာအောင်(၅၃)နှစ်သည် NPW-8/7L-XXXX NISSAN CARAVAN မော်တော်ယာဉ်အား အဆိုပါလမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးသူ ဒလမြို့နယ်၊ သမ္ဗာန်ချောင်းကျေးရွာနေ ဦးမြင့်ဝေ(၄၅)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးမြင့်ဝေတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် တေဇာအောင် အား ဒလမြို့မရဲစခန်း ယာဉ်(ပ)၁/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
