ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(မြောက်)ရပ်ကွက်၊ ရှမ်းလမ်းစျေးတွင် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(မြောက်)ရပ်ကွက်၊ ရှမ်းလမ်းစျေးတွင် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု
Ministry of Home Affairs/ Naypyitaw / March 02, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(မြောက်)ရပ်ကွက်၊ ရှမ်းလမ်းစျေးတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်နိုင်ရေးအတွက် စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဈေးအတွင်း လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ ဆောင်ရွက်ထားရှိမှု၊ ရေရရှိရေး ဆောင်ရွက် ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။