ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်ရှိ သုဝဏ္ဏဈေးနှင့် ရေနံ့သာဈေး၊ (၁၆/၂)ရပ်ကွက်ရှိ ၁၆-ရတနာဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်ရှိ သုဝဏ္ဏဈေးနှင့် ရေနံ့သာဈေး၊ (၁၆/၂)ရပ်ကွက်ရှိ ၁၆-ရတနာဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု
Ministry of Home Affairs/ Naypyitaw / March 02, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်ရှိ သုဝဏ္ဏဈေးနှင့် ရေနံ့သာဈေး၊ (၁၆/၂)ရပ်ကွက်ရှိ ၁၆-ရတနာဈေးတို့တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်နိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဈေးအတွင်း လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ ဆောင်ရွက်ထားရှိမှုနှင့် ရေရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။