ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စက်သုံးဆီများ စနစ်တကျ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စက်သုံးဆီများ စနစ်တကျ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး
Ministry of Home Affairs/ နေပြည်တော် / March 07, 2026
၂၀၂၆ ခုနှစ်၊ မတ် ၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၈)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ BOC စက်သုံးဆီအရောင်းဆိုင်နှင့် OK စက်သုံးဆီ အရောင်းဆိုင်တို့အား စက်သုံးဆီများ စနစ်တကျ ရောင်းချစေရေး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
