ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ နေအိမ် မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ နေအိမ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 17, 2026


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက် နံနက် ၁၀ နာရီ ၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ ပိုင်ရှင် ဒေါ်သီတာ(၅၀)နှစ်၏ ၁၅ x ၄၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် ထင်းမီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဘေးသစ်သားနံရံနှင့် ကြမ်းခင်းသစ်သားသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင် များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါ မီးလောင်မှုကြောင့် ၁၅ x ၄၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ ၁၂ x ၄၅ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ ၈ x ၁၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် တစ်လုံး စုစုပေါင်း နေအိမ် သုံးလုံးနှင့် ၁၀ x ၅၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်ရှိ သစ်သားဒိုင်းနှင့် ဝိုင်ယာကြိုးအနည်းငယ်၊ ၁၅ x ၅၀ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် ဘေးဘက်ကျောက်ပြားများ၊ ရေခဲသေတ္တာ တစ်လုံးနှင့် လက်ကိုင် ကျောက်ဖြတ်စက် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်သီတာ အား ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။