ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူလတန်းကြိုကျောင်းများမှ ကလေးများအား မူကြိုကျောင်းဝတ်စုံထောက်ပံ့ခြင်း အခမ်းအနား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူလတန်းကြိုကျောင်းများမှ ကလေးများအား မူကြိုကျောင်းဝတ်စုံထောက်ပံ့ခြင်း အခမ်းအနား


Ministry of Social Welfare, Relief & Resettlement/ ရန်ကုန်တိုင်းဒေသကြီး / September 21, 2022


     ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူလတန်းကြိုကျောင်းများမှ ကလေးများအား မူကြိုကျောင်းဝတ်စုံထောက်ပံ့ခြင်း အခမ်းအနားကို (၂၀.၉.၂၀၂၂)ရက်နေ့တွင် အမှတ်(၁)မူလတန်းကြိုကျောင်း၊ အလုံမူလတန်းကြိုကျောင်း၊ အမှတ်(၄)မူလတန်းကြိုကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အရေးပါမှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကလေးတိုင်း ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာရပ်များကို လက်လှမ်းမီရရှိနိုင်ရေး လက်ဆင့်ကမ်းအသိပညာပေးခြင်းများ ဆောင်ရွက်ပေးကြပါရန် လမ်းညွှန်မှာကြားခဲ့ပြီး မူလတန်းကြိုကျောင်းများမှ ကလေးများအတွက် လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေမှ ထောက်ပံ့သည့် မူကြိုကျောင်းဝတ်စုံများအား ကလေးတစ်ဦးလျှင် (၂) စုံနှုန်းဖြင့် ကလေးတစ်ဦးချင်းသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။