ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနများ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲနှင့် တန်ဆောင်တိုင် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနများ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲနှင့် တန်ဆောင်တိုင် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပခြင်း


Ministry of Social Welfare, Relief & Resettlement/ ရန်ကုန်တိုင်းဒေသကြီး / November 14, 2022


ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ ခရိုင်/မြို့နယ်၊ဌာနငယ်/သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းများ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲကို (၄.၁၁.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမှတ်(၄)မူလတန်းကြိုကျောင်း၊ အမှတ်(၅)မူလတန်းကြိုကျောင်း၊ တောင်ဥက္ကလာပမူလတန်းကြိုကျောင်း၊ မြောက်ဥက္ကလာပမူလတန်းကြိုကျောင်း နှင့် သုံးခွ(ပျဉ်းမကန်) မူလတန်းကြိုကျောင်းများတွင်လည်းကောင်း၊ ဘုံကထိန်ပွဲများ အသီးသီးကျင်းပပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်)၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ သုဝဏ္ဏမူလတန်းကြိုကျောင်း၊ သာကေတမူလတန်းကြိုကျောင်းများတွင်လည်း ကျောင်းအလိုက် တန်ဆောင်တိုင်နိဗ္ဗာန်ဈေးပွဲတော်များအား ကျင်းပပြုလုပ်ခဲ့ကြပါသည်။