ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ဦးရွှေရိုးလမ်းသွယ်တွင် နေအိမ်မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ဦးရွှေရိုးလမ်းသွယ်တွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / November 15, 2022


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ဦးရွှေရိုးလမ်းသွယ်၊ အမှတ်(၅)တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ၀၉ ၁၃ အချိန်ခန့်က ပိုင်ရှင် ဦးစိုးဝင်းနိုင်၏ (၁၀x၃၅)ပေ၊ သွပ်မိုး၊ အုပ်ကာ၊ ကွန်ကရစ်ခင်း ၁ ထပ် နေအိမ်ရှိ ဘုရားစင်တွင် အမွှေးတိုင်ပူဇော်ရာမှ အနီးရှိစက္ကူပေါ်သို့ မီးပွားကျ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၆ စီးဖြင့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၃၀ အချိန်မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးစိုးဝင်းနိုင်အား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,