ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၄)ရပ်ကွက်၊ ရန်ပိုင်(၁၀)လမ်း၊ ပရိဘောဂအဟောင်းဆိုင်တွင် မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၄)ရပ်ကွက်၊ ရန်ပိုင်(၁၀)လမ်း၊ ပရိဘောဂအဟောင်းဆိုင်တွင် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / December 30, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၄)ရပ်ကွက်၊ ရန်ပိုင်(၁၀)လမ်း၊ ပရိဘောဂအဟောင်းဆိုင်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ၀၃ ၃၀ အချိန်ခန့်က ပိုင်ရှင်ဦးလှမျိုးအောင်၏ (၂၀x၂၀)ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း ၁ ထပ် ပရိဘောဂအဟောင်းဆိုင်ခန်းတွင် လူစောင့်မရှိဘဲ ခြင်ဆေးခွေ မီးထွန်းခဲ့ရာမှ ပရိဘောဂအဟောင်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းနှင့် တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၅ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၃ ၅၄ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း ၁ ထပ် ပရိဘောဂအဟောင်းဆိုင်နှင့် ပရိဘောဂပစ္စည်းအဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်ဦးလှမျိုးအောင်အား ရန်ကင်းမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။