ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၈)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းတွင် ယာဉ်(၁)စီး မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၈)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းတွင် ယာဉ်(၁)စီး မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / February 19, 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၈)ရပ်ကွက်၊ ကနောင်မင်းသားကြီး လမ်းတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ ၀၄ ၃၀ အချိန်ခန့်က “ရွှေကျီး”မုန့်စက်ရုံရှေ့လမ်းဘေးတွင် ရပ်ထားသော ယာဉ်မောင်း ဦးစိုးနိုင်ဦး၏ ယာဉ်အမှတ် YGN(7H-XXXX)HYUNDAI အမျိုးအစား (ဖြူပြာကြား) (CNGသုံး) G.E.G(အထည်ချုပ်) အလုပ်သမားကြို/ပို့ယာဉ်သည် ကားအော်တို ကက်တောက်မိန်းအား ဒက်ရှ်ဘုတ်အတွင်း မပိတ်ဘဲ ထားရှိရာမှ ဝိုင်ယာကြိုးများ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၃ စီးဖြင် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၄ ၃၉ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ကားမှန်၊ ကားဒက်ရှ်ဘုတ်၊ ဆိုဖာ၊ ဆေးဘော်ဒီ မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးစိုးနိုင်ဦးအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။