ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဆေးလုံးကြီးချောင်းစောက်ကျေးရွာ၊ ဒဂုံ-သီလဝါ ကားလမ်းဘေး၊ မိုင်တိုင်အမှတ်(၇/၆)တွင် ဆီဘောက်ဆာယာဉ် ၁ စီး မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဆေးလုံးကြီးချောင်းစောက်ကျေးရွာ၊ ဒဂုံ-သီလဝါ ကားလမ်းဘေး၊ မိုင်တိုင်အမှတ်(၇/၆)တွင် ဆီဘောက်ဆာယာဉ် ၁ စီး မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / May 30, 2023


     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဆေးလုံးကြီးချောင်းစောက်ကျေးရွာ၊ ဒဂုံ-သီလဝါ ကားလမ်းဘေး၊ မိုင်တိုင်အမှတ်(၇/၆)တွင် ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ ၀၀ ၀၆ အချိန်ခန့်က  ယာဉ်မောင်း ဦးကျော်စွာဝင်း မောင်းနှင်လာသော ယာဉ်အမှတ် (SGG-28 6J-XXXX) MITSUBISHI FUSO တွဲနံပါတ် 2TLR-XXXX ဂါလန်(၈၀၀၀) 92 ဆီဘောက်ဆာယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းဘေးသို့ ကားထိုးကျရာမှ ဘက်ထရီ မီးပွားပွင့်ပြီး ယိုစိမ့်သည့် 92 ဆီနှင့် ထိတွေ့၍ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် ၂ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၈ စီး၊ အထောက်အကူပြုယာဉ် ၃ စီး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၁ ၅၈ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ဆီဘောက်ဆာယာဉ် ၁ စီးနှင့် 92 ဆီ ဂါလန် ၅၀၀၀ မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ယဉ်မောင်း ဦးကျော်စွာဝင်းအား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,