ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ ကနောင်(၇) လမ်း၊ မြေကွက်အမှတ် (၁၃၅/၁၃၆)တွင် ရော်ဘာဆိုးပြားစက်ရုံမီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ ကနောင်(၇) လမ်း၊ မြေကွက်အမှတ် (၁၃၅/၁၃၆)တွင် ရော်ဘာဆိုးပြားစက်ရုံမီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / October 30, 2023


     ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၄ နာရီ ၂၆ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ ကနောင်(၇)လမ်း၊ မြေကွက်အမှတ် (၁၃၅/၁၃၆) ပိုင်ရှင် ဦးမျိုးမင်းလတ်၏ ၂၀x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် ရော်ဘာဆိုးပြားစက်ရုံအဆောက်အအုံတွင် မြေညီထပ်အတွင်းရှိ ပေါင်းခံထားသည့် ရော်ဘာဆိုးပြားများအား စနစ်တကျ အအေးခံထားခြင်းမရှိဘဲ အခန်းအတွင်း စုပုံသိုလှောင်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၁ စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် နှစ်ထပ်အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးမျိုးမင်းလတ်အား ရွှေပေါက်ကံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။