ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းတွင် သစ်ပင်လဲကျမှု 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းတွင် သစ်ပင်လဲကျမှု 


Ministry of Home Affairs/ နေပြည်တော် / May 11, 2024


     ၂၀၂၄ ခုနှစ်၊ မေ ၉ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းတွင် အမြင့် ၅၀ ပေ လုံးပတ် ၃ ပေ ပတ်လည်ခန့်ရှိ ပိတောက်ပင် လဲကျမှုဖြစ်ပွားကြောင်း  သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ 

     အဆိုပါဖြစ်စဉ်ကြောင့်  အဆောက်အအုံထိခိုက်ပျက်စီးမှုနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,