ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ(၁၅)ရပ်ကွက်၊ စစ်ကိုင်းလမ်း၊ အမှတ်(၇၇)ရှိ လူနေအိမ်ခန်း မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ(၁၅)ရပ်ကွက်၊ စစ်ကိုင်းလမ်း၊ အမှတ်(၇၇)ရှိ လူနေအိမ်ခန်း မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / January 10, 2025


     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် နံနက် ၁၁ နာရီ ၅၁ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ(၁၅)ရပ်ကွက်၊ စစ်ကိုင်းလမ်း၊ အမှတ်(၇၇)ရှိ ပိုင်ရှင် ဦးဇော်ထက်အောင်၏ ၁၀x၅၀ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း၊ (၅)ခန်းတွဲ တစ်ထပ် လူနေအိမ်ခန်း၊ အခန်းအမှတ်(၅) ၁၀x၁၀ ပေ အခန်းတွင် ခြင်ဆေးခွေမီးထွန်းထားခဲ့ရာမှ အနီးရှိ ဇာခြင်ထောင်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းနှင့် ရွှေပေါက်ကံနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ် ခဲ့ရာ နံနက် ၁၁ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် အခန်းအမှတ် (၅) ၁၀x၁၀ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း တစ်ထပ် လူနေအိမ်ခန်း တစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှားရမ်းနေထိုင်သူ ဒေါ်ဆိုင်းရာအား ရွှေပေါက်ကံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,