ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ လှိုင်ရတနာဈေး(ခ)ဘာတာဈေး မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ လှိုင်ရတနာဈေး(ခ)ဘာတာဈေး မီးလောင်မှု


Ministry of Home Affairs/ Nay Pyi Taw / February 18, 2025


     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ လှိုင်ရတနာဈေး(ခ)ဘာတာဈေးရှိ ဈေးရုံအမှတ်(၁၁)၏ အတွင်းလျှောက်လမ်းအမိုးတွင် ဈေးလုံခြုံရေးအတွက် ထွန်းထားသော LED မီးလုံးအတွင်းရှိ ဆားကစ်ပြားရှော့ဖြစ်၍ မီးပွားထွက်ပြီး ဆိုင်ခန်းအမှတ် (၁၆)အပေါ်တွင် မိုးထားသော အပြာရောင်ပလတ်စတစ်အမိုးပေါ်သို့ ကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၅၆ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီ ၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၄၀ x ၅၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ကွန်ကရစ်ခင်းဈေးရုံ ခြောက်ရုံရှိ ၅ x ၅ ပေ ဆိုင်ခန်း ၂၂၈ ခန်း၊ ၄၀ x ၆၀ သွပ်မိုး၊ ပျဉ်ထောင်၊ မြေစိုက်ပျံကျဈေး သုံးရုံရှိ ဆိုင်ခန်း ၁၂၀ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဈေးလုံခြုံရေးတာဝန်ခံ ဦးတင့်ဆွေအား အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,