ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Naypyitaw / May 10, 2025


    ၂၀၂၅ ခုနှစ်၊ မေ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မေတ္တာကျေးရွာနေ ငပြည့်(၂၆)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကွမ်းခြံကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ရာ အဆိုပါနေအိမ်အပေါ်ထပ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေသည့် ငပြည့်ပါ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖဲရိုက် လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၄၄,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ငပြည့်ပါ ငါးဦးအား ကွမ်းခြံကုန်းမြို့မရဲစခန်း (ပ)၁၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,