ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ငါးဦးအား ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ငါးဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / June 20, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာ၊ ခြံအမှတ် ၁၄ တွင် ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါခြံ၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေသော ခြံစောင့်ဖြစ်သူ ဦးမြင့်ထွေး(၄၅)နှစ်၊ အဆိုပါ ရပ်ကွက်နေ ဦးအောင်ကိုဦး(၄၆)နှစ်၊ ဦးတင့်လှိုင်(၄၂)နှစ်၊ ဦးထွန်းထွန်းလွင်(၅၀)နှစ်နှင့် ဦးအေးမင်းထွန်း (၄၈)နှစ်တို့ ငါးဦးအား ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ လက်ကိုင်ဖုန်း လေးလုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဦးမြင့်ထွေးပါ ငါးဦးအား ကမာရွတ်မြို့မရဲစခန်း(ပ)၁၈၀/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။