ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ ငွေကျပ် ၈၇၅ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ ငွေကျပ် ၈၇၅ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / July 08, 2025
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။


    ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက် ည ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ စံပြရပ်ကွက်၊ ဂျိုးဖြူလမ်းပေါ်၌ ကျော်သက်(၃၄)နှစ်ထံမှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသော Happy Water ၀ ဒသမ ၄၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၅၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၅၇ ဒသမ ၅ သိန်း)နှင့် ကတ်တမင်း ၁ ကီလို (တစ်ကီလျှင် ငွေကျပ် သိန်း ၅၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၅၀၀) တို့အား ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပင်းယ(၁၃)လမ်းနေ ရန်နိုင်အောင်(၃၄)နှစ်၏ နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသော Happy Water ၀ ဒသမ ၅၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၅၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၂၀၆ ဒသမ ၅ သိန်း)၊ ကတ်တမင်း ၀ ဒသမ ၀၁၅ ကီလို (တစ်ကီလျှင် ငွေကျပ် သိန်း ၅၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၇ ဒသမ ၅ သိန်း)နှင့် အက်တက်စီဆေးပြား ၁၀ ပြား (တစ်ပြားလျှင် ၄၀,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၄ သိန်း) တို့အား ထပ်မံဖမ်းဆီးရမိသဖြင့် ကျော်သက်နှင့် ရန်နိုင်အောင်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။