ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကံဘဲ့လမ်းဆုံ၌ မော်တော်ယာဉ် တစ်စီးမှ တစ်ဖက်ယာဉ်ကြောရှိ မော်တော်ယာဉ် သုံးစီးအား ဆင့်တိုက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကံဘဲ့လမ်းဆုံ၌ မော်တော်ယာဉ် တစ်စီးမှ တစ်ဖက်ယာဉ်ကြောရှိ မော်တော်ယာဉ် သုံးစီးအား ဆင့်တိုက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / July 08, 2025


    ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကံဘဲ့လမ်းဆုံ၌ မော်တော်ယာဉ် တစ်စီးမှ တစ်ဖက်ယာဉ်ကြောရှိ မော်တော်ယာဉ် သုံးစီးအား ဆင့်တိုက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် ညနေ ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ကံဘဲ့လမ်းဆုံမီးပွိုင့်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ ကျော်နိုင်(၅၇)နှစ် မောင်းနှင်လာသည့် YGN-39/2L-XXXX ALPHARD မော်တော်ယာဉ်သည် ကမ္ဘာအေးဘုရားလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာစဉ် ကံဘဲ့လမ်းဆုံမီးပွိုင့်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ အဆိုပါယာဉ်ကြောအတိုင်း မောင်းနှင်နေသည့် YGN-36/7D-XXXX CALDINA မော်တော်ယာဉ်၊ YGN-3/9Q- XXXX SUZUKI ERTIGA မော်တော်ယာဉ်နှင့် YGN-8/6F-XXXX HIJET မော်တော်ယာဉ်တို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ကျော်နိုင်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးစဉ် သေဆုံးသွားခဲ့သောကြောင့် ကျော်နိုင် အား ရန်ကင်းမြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။