ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဆက်သွယ်ရေးတိုင်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဆက်သွယ်ရေးတိုင်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ Naypyitaw / July 14, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဆက်သွယ်ရေးတိုင်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကနောင်မင်းသားကြီးလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း မြောက်မှ တောင်သို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ သက်ဝဏ္ဏထွန်း(၃၃)နှစ် မောင်းနှင်ပြီး အမှတ်(၈)ရပ်ကွက်နေ မအေးအေးမွန်(၂၉)နှစ် လိုက်ပါလာသည့် BGO-11/9F-XXXX FORLAND TRUCK မော်တော်ယာဉ်သည် ကနောင်အိမ်ရာ ဝင်/ထွက်ပေါက်ရှေ့အရောက်၌ အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဆက်သွယ်ရေးတိုင်အား ဝင်ရောက်တိုက်မိ၍ မော်တော်ယာဉ်မှာ တိမ်းမှောက်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် သက်ဝဏ္ဏထွန်း အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၂၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။