ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Home Affairs/ Naypyitaw / July 30, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာကားဝင်းရှိ ကားဂိတ်၌ ပါဆယ်ပစ္စည်းများ လာရောက်ထုတ်ယူသူ ရဲဝင်းအောင်(ခ)ဝေလင်းအောင်(၃၆)နှစ်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး  Happy Water  ၁ ဒသမ ၇၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၅၁၆ သိန်း) ဖမ်းဆီးရမိသဖြင့် ရဲဝင်းအောင်(ခ)ဝေလင်းအောင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။