ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ Naypyitaw / August 13, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘုရားလမ်းကျေးရွာ၊ ရန်ကုန်-ပြည်လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း မှော်ဘီမြို့ဘက်မှ တိုက်ကြီးမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သာယာကုန်းကျေးရွာနေ ရဲသီဟ(၂၀)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်ခင်မာထွန်း(၄၂)နှစ်နှင့် မခင်စန္ဒာထွေး (၁၈)နှစ်တို့ လိုက်ပါလာသော ဆိုင်ကယ်သည် မိုင်တိုင်အမှတ် ၃၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား အရောက်၌ လမ်းဘေးတွင် ရပ်တန့်ထားသော NISSAN CONDOR အမျိုးအစား မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိခဲ့၍ ရဲသီဟတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဒေါ်ခင်မာထွန်းနှင့် မခင်စန္ဒာထွေးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ရဲသီဟ အား မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ)၂၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။