ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၂)ဈေးအနီး ငထွေရူးလမ်းမပေါ်၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၂)ဈေးအနီး ငထွေရူးလမ်းမပေါ်၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / August 19, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၂)ဈေးအနီး ငထွေရူးလမ်း မပေါ်၌ လုံးပတ် ၁ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ မအူပင်မှ ကိုင်းကျိုးကျပြီး YGN-9/1F-XXXX MITSUBISHI CANTER အဖြူရောင် မော်တော်ယာဉ်ပေါ်သို့ ပိ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။